BIG IDEAS FOR LITTLE KIDS (ဥာဏ်ကြီးရှင်လေးများအတွက် အကြံကောင်းဥာဏ်ကောင်းများ)
BIG IDEAS FOR LITTLE KIDS (ဥာဏ်ကြီးရှင်လေးများအတွက် အကြံကောင်းဥာဏ်ကောင်းများ)
ဉာဏ်ကြီးရှင်လေးများအတွက် အကြံကောင်းဉာဏ်ကောင်းများ
စာမျက်နှာ |
241(Woodfree Paper) |
စာအုပ်အရွယ်အစား |
5 .4 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း |
ကိုလတ်စာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
ဤစာအုပ်သည် ကလေးငယ်များကို အတွေးအခေါ်ပညာ သင်ကြားရန် အဓိက လိုအပ်ချက်များ အလုံးစုံ ပါဝင်ပြီး ကလေးငယ်များနှင့် အတွေးအခေါ်ဆိုင်ရာ မေးခွန်းများကို ဆွေးနွေးခဲ့သည့် သင်ကြားမှု နှစ်၂၀ကြာသော ကိုယ်ပိုင်အတွေ့အကြုံများကို အခြေပြုထားခြင်းဖြစ်သည်။ ကလေးများနှင့် အတွေးအခေါ်ပညာ ဆွေးနွေးခြင်းများအပြင် အတွေးအခေါ်ပညာ သင်ကြားခြင်း၏ အရေးပါမှုကိုပါ စနစ်တကျ ဖော်ပြထားပါသည်။
အတွေးအခေါ်ပညာအရ ကလေးဘဝကို ခိုင်မာစွာ အခြေပြုခဲ့သော လူကြီးများသာ ပါသည့် လူ့အဖွဲ့အစည်းတစ်ရပ် ရှိခဲ့မည်ဆိုလျှင် မည်မျှ များပြားသော ကွဲပြားမှု ဖြစ်ပေါ်နိုင်မလဲ။ လူကြီးတိုင်းသည် Primary School အဆင့်ကတည်းက အတွေးအခေါ်ပညာ သဘောတရားကို အခြေခံခဲ့ကြမည်ဆိုလျှင် ကမ္ဘာကြီးက မည်သို့ ဖြစ်နိုင်မလဲ။ အခိုင်အမာ ဆိုနိုင်သည်မှာ အတွေးအခေါ်ပညာရေးကို အလုံးစုံ ဖော်ဆောင်ပါက မည်မျှအထိ တိုးတက်မှုများ ရှည်လျားသွားမလဲဆိုသည်ကို ခန့်မှန်းရန် ခက်ခဲပါသည်။
ယခုစာအုပ်သည် Primary School ဆရာများအပြင်၊ မိဘများနှင့် အခြားသော လူရွယ်လူကြီးများက နည်းလမ်းတစ်ခုအနေဖြင့် ကလေးများသည် သဘာဝတရားနှင့်အတူ မွေးဖွားလာသော အတွေးအခေါ်ပညာရှင်များဖြစ်ကြောင်း သိရှိစေရန်သာမက ကလေးများနှင့် ဆက်ဆံရေး တိုးချဲ့ရန် နည်းလမ်းကောင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိမည်ဖြစ်သည်။
ယခုစာအုပ်ကို Primary School စာသင်ခန်းအတွင်း အတွေးအခေါ်ပညာ သင်ကြားရန် လမ်းညွှန်စာအုပ်အဖြစ် ရည်ရွယ်ထားပါသည်။ အခန်းကြီး လေးခန်း ခွဲထားပြီး ရှေးဦးစွာ အတွေးအခေါ်ပညာ သင်ကြားခြင်းကို အသေးစိတ် ရှင်းပြထားသည်။ အတွေးအခေါ်ပညာရပ်ကို လေ့လာသင်ကြားမှု မရှိသေးသူများအတွက်လည်း ကလေးများနှင့် ဆွေးနွေးမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြောင်းလည်း ရှင်းပြထားပါသည်။ ထို့နောက် ပုံပြင်စာအုပ်များကို လမ်းညွှန်အဖြစ် အသုံးပြုထားပြီး အတတ်ပညာ၊ အသိပညာ၊ ကျင့်ဝတ်များနှင့် အလှဗေဒ ဆန်းစစ်မှုများ ပါဝင်ပါသည်။
Product features
Product features
Materials and care
Materials and care
Merchandising tips
Merchandising tips
Share
